Saturday, August 16, 2014

ရိုးတယ်ဆိုတာ လွယ်မှတ်လို့ 

ရွာလေးက ဧရာဝတီမြစ်အနောက်ဘက် ပြည်မြို့ ၏ တစ်ဘက်ကမ်းတွင် ရှိ၏ ။
ထုံးဘို နှင့် ဆင်တဲတို့ ၏ အနောက်ဘက် ခပ်ကျကျမှာ ဖြစ်သည် ။
ယခုတော့ ပုသိမ်-မုံရွာ ကားလမ်း အရှေ့ ဘက်နှင့် နီးကပ်သွားသည် ။ ရွာကလေးတွင် ယာစိုက် တောတိုး
အလုပ်များသာ လုပ်ကြလေသည် ။ မြေပဲ..ငြုတ်..နှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည် ။
ရွာဘေးက ချောင်းကလေး ကလည်း ယာခင်းစိုက်ခင်းများအတွက် နွေနွေ မိုးမိုး ရေရရှိရာ စိုက်ပျိုးသူတွေ
အတွက်အဆင်ပြေသလို ရွာကလေး၏ ရှုခင်းကိုလည်း ပြည့်စုံလှပစေ၏ ။ တစ်ရွာလုံး သစ်ပင်များနှင့်
အုံ့ အုံ့ ဆိုင်းဆိုင်းရှိသဖြင့် နေ့ လည်နေ့ ခင်း အေးအေးချမ်းချမ်းရှိသလို ညနေစောင်းလျှင်လည်း ရွာစွန်က
ထန်းတောလေးက ကာလသားတွေ အတွက် အပန်းဖြေဥယျာဉ်လေး ဖြစ်နေပြန်၏ ။
တောသူတောင်သားတွေမို့  ဒီလိုညနေခင်းများသာ သူတို့ အတွက် အမောပြေ..အပမ်းပြေစေ ပါသည် ။
သူတို့ ခမျာ မိုးရိပ်လေးတွေ့ သည်နှင့် စိုက်ပျိုး ထွန်ယက်ဘို့ လုပ်ရသလို ဆောင်းနှင့် နွေ ရောက်တော့လည်း
ရခိုင်ရိုးမအခြေအထိ ထင်းခုတ်.တောတိုးနှင့်နားရသည်က မရှိတတ်ချေ..။
ထို့ အပြင် ဆောင်းရောက်သည်နှင့် ရေကျသွားသည့် သောင်ပြင်တွင်လည်း ဖရဲခင်းတွေ..ငြုတ်ခင်းတွေ
အသီးသီး စိုက်ပျိုးရလေသည် ။
ထိုအခါ သောင်ပြင်က ယာခင်းထဲတွင် ယာတဲလေးများ အသီးသီး ဆောက်လုပ်နေထိုင်ကြပြန်သည် ။
ဒီအရပ် ဒီဒေသမှာ သူခိုး ဓါးပြ မရှိအေးချမ်းသော်လည်း ညအချိန် စိုက်ခင်းထဲ
လာရောက်စားသောက်တတ်သည့် တောကောင်တွေကို ခြောက်လှန့် ဘို့  လာရောက်နေထိုင်
ကြရခြင်းဖြစ်သည် ။
တောကောင်တွေဆိုသော်လည်း တစ်ခါတစ်ရံ မျက်စိလည် လမ်းမှားလာသည့် တောဝက်များသာ ရှိပြီး
ကျေးရွာသဘာဝအရ ပုတတ်လိုက် ပုရစ်ကောက်ပြီး အရက်စုသောက်ဘို့  အဓိက ဖြစ်လေသည် ။
ထိုအခါမျိုးတွင် မောင်ထွန်းက ကာလသားများစုပေါင်းပြီး ယာခင်းထဲမှာပင် နေတော့သည် ။
ညနေစောင်း ထန်းရည်ဝယ်ရန် အရက်ဝယ်ရန်လောက်သာ ရွာအစပ်ကို ပြန်ရောက်တော့သည် ။
ကျန်သည့်အချိန် ယာခင်းထဲမှာပင် သူ့ အခင်း..ကိုယ့်အခင်း လိုအပ်တာ ၀ိုင်းဝန်းလုပ်ကိုင်ပေးရင်းနှင့်သာ
နေကြသည် ။ ညနေစောင်းလျှင် ချောင်းအတွင်း ရေခပ်ဆင်း..ရေချိုးဆင်းလာသည့် ရွာသူအပျိုချောတို့ ကို
စရ..ငမ်းရတာကလည်း အလုပ်တစ်ခု ဖြစ်သည် ။ မခံချင်အောင် စကြ..နောက်ကြပြီး မိန်းခလေးများက
ပြန်တိုင်လျှင်တော့ သူကြီး၏ ထိပ်တုန်းစာ မိတတ်လေသည် ။
မောင်ထွန်းနှင့် ထိပ်တုန်း...ထိပ်တုန်းနှင့် မောင်ထွန်းကတော့ ရိုးနေချေပြီ...။
မဟုတ်မခံ ခြေမြန်လက်မြန်ရှိသည့်မောင်ထွန်းမှာ မကြာခဏ သူကြီး ထိပ်တုန်းကို နှုတ်ဆက်ရလေသည် ။
မောင်ထွန်းခြေမြန်လက်မြန်ရှိသော်လည်း သူခံရသည့် အလှည့်တွေလည်း ရှိတတ်သည် ။ သူကတော့
ယောင်္ကျားကွ..သူများကို ရိုက်ရဲနှက်ရဲရင် ကိုယ်လည်း ခံစရာရှိတာခံရဲ ရမယ် လို့  ပြောတတ်လေသည် ။
ထူးခြားတာ တစ်ခုက မောင်ထွန်း၏ အမွှာညီဖြစ်သူ မောင်ထူး ဖြစ်သည် ။ မောင်ထွန်းနှင့်
မိနစ်အနည်းငယ်သာ ခြားပြီးမေွး ခ့ေဲ သ်ာလည်း မောင်ထွန်းနှင့် စရိုက်ချင်း လုံးဝမတူသည့်အပြင် အတော်ကို
ထုံသလို အသလို ရှိလေသည် ။
မောင်ထွန်းနှင့်အတူ ကိုရင်ဝတ်ပြီး မောင်ထွန်းက တစ်ဝါ ( ၀ါတွင်းသုံးလ ) နှင့်ပင် စာရေးစာဖတ်
အတွက်အချက်လေး တတ်သော်လည်း မောင်ထူးက သုံးလေးဝါ ၀တ်ခဲ့သည့်တိုင် ဘာမှ မည်မည်ရရ
မတတ်ချေ..။
ကိုရင်လူထွက်ပြီးတော့လည်း ယာအလုပ် ကိုင်းအလုပ် ဘာမှ မလုပ်တတ်ချေ..။
နောက်တော့ ရွာရိုးကိုးပေါက်လျှောက်ပြီး ဟိုအိမ်က ခိုင်းတာလေး လုပ်လိုက်..ဒီအိမ်က ခိုင်းတာလေး
လုပ်လိုက်နှင့် အိမ်ကိုပင် ပြန်အိပ်ချင်မှ အိပ်တော့သည် ။ ဘယ်မှာ အိပ်လို့ အိပ်မှန်းလဲ မသိ...တစ်ခါတော့
ရွာအစပ်ကကောက်ရိုးပုံတွင် အိပ်နေတာ တွေ့ ရလေသည် ။ မောင်ထူးက ကြုံရာကျပန်း လျှောက်နေ
နေသော်လည်း မောင်ထွန်းထက် လူချစ်လူခင် ပိုများသည် ။ မောင်ထွန်းမှာသာ အရက်သမား
..ထန်းရည်သမား ..ကြက်သမား လူမိုက်နှင့် ရွံကြောက်ကြီး ဖြစ်ကြသော်လည်း မောင်ထူးကတော့
ဟိုအိမ်က လာပါဦး...ဒီအိမ်က လာပါဦး ဖြစ်နေသည် ။ ဖင်ကလည်းပေါ့ ခိုင်းလို့ လည်း ကောင်း
သဖြင့် တစ်ရွာလုံးက မောင်ထူး...မောင်ထူး...ဖြစ်နေလေသည် ..။
ဒါကို သဘောမကျသူက မောင်ထွန်းနှင့် မောင်ထူးတို့ ၏ ဖခင် ဦးဘိုးဆောင် ဖြစ်သည် ။
သဘောမကျသော်လည်း
လည်း အထွေအထူးတော့ မပြောတတ်ချေ ။ ပြောရအောင်ကလည်း မောင်ထူးက မိခင်ဖြစ်သူ
ခေါ်လျှင်တောင် အိမ်ပြန်လာချင်မှ ပြန်လာသူဖြစ်သည် ။ ဒီတော့ ဦးဘိုးဆောင်က မိန်းမဖြစ်သူကိုသာ
မှာထားရ၏ ။
" မောင်ထူးဆိုတ့ေဲ ကာင် ထုံတုံတုံ..အတတနဲ့  ဒီလိုသာလျှောက်သွားနေရင် မတော်တဲ့ မိန်းမနဲ့ 
ရနေဦးမယ်..
သင့်တော်တ့သဲူတွေ့ ရင် အိမ်ထောင်ချထားပေးလိုက်... " ဟူသတည်း...။
ဒီတော့ အမေဖြစ်သူက မောင်ထူးကို တကူးတက လိုက်ရှာရာ ရွာမြောက်ပိုင်းက
တစ်ခုလပ်မလေး..မခင်မေ အိမ်တွင်ရေခပ်ပေးနေတာကို တွေ့ ရလေသည် ။
ဒီတော့မှ မောင်ထူးလက်ကိုဆွဲပြီး မလှမ်းမကမ်းသို့ ရောက်မှ ပြောရလေသည် ။
                   
                           ဒေါင်းလော့    http://adf.ly/rAWZr                     
"

No comments: