Friday, November 14, 2014

Facebook လို social network အသုံးပြုရင်း အလိုလို ဝင်ငွေ ရချင်ရင် ဒီ Post ကို ဆုံးအောင် ဖတ်ပါဗျာ


Facebook လို Social Network တစ်ခုမှာ ကိုယ့် wall/timeline ကို လာကြည့်တဲ့လူတွေ များရင်
ကိုယ်ပါ ပိုက်ဆံ ရတာမျိုး မလိုချင်ဘူးလား .. ?
မဖြစ်နိုင်ဘူးလို့ အထင်မစောဘဲ ဒီစာကို ဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ ... 
( - 2nd Edition )
================================================

New York အခြေစိုက် ဖေ့စ် ဘွတ် (ခ် ) လိုမျိုး social network တစ်ခု ဖြစ်တဲ့
Tsu ဆိုတဲ့ social network ဟာ ထူးထူးခြားခြား အစီအစဉ် တစ်ခု လုပ်နေပါတယ် ။

( Tsu - Sancus Capital Prive ကနေ စတင် မတည်ငွေအနေနဲ့
7 million ထုတ်ပေးထားတဲ့ social network တစ်ခု ဖြစ်ပါတယ် )

ဒါကတော့ သူတို့ ရလာတဲ့ ကြော်ငြာ ဝင်ငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ သူတို့ ယူပြီး
ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို social network အတွင်း member ဝင်သူတွေကို ခွဲဝေပေးမယ် ဆိုတာပါပဲ ။

စာရေး ကောင်းတဲ့လူတွေ ၊ စကား ပြောကောင်းတဲ့လူတွေ ( ဒါမှမဟုတ် )
စကား ကောင်းပြောတဲ့လူတွေ ၊ ဓာတ်ပုံ အတင်ကောင်းတဲ့လူတွေ
ကျော်ကြားပြီးသား Celebrities တွေ / သတင်းနဲ့ စာနယ်ဇင်း သမားတွေ အတွက်တော့
သုံးနေကျ အတိုင်း social network လေး သုံးရင်း
တစ်ဖက်တစ်လမ်း ကဝင်ငွေရဖို့ လမ်းကြောင်း တစ်ခုပါပဲဗျာ ။ 

ဒီ link ကနေ တဆင့် လွယ်လွယ်ကူကူ လုံးဝအခမဲ့ အသင်းဝင်လို့ ရပါတယ် ...
https://www.tsu.co/masterlynn

( * အဲလို ဝင်ငွေခွဲဝေယူချင်တဲ့ member တွေဟာ
သူတို့ကို ကိုယ့်ငွေ တစ်ပြားတစ်ချပ်မှ သွင်းစရာမလိုပါဘူး ... )

ဒီတော့ သူတို့ဟာ အသင်းဝင်တွေရဲ့ ငွေတွေကို ပဲ တခြားအသင်းဝင်တွေကို ပြန်ပေးတဲ့
Pyramid scheme လုံးဝ မဟုတ်ပါဘူး ။
ဘာ ထုတ်ကုန် မှလည်း မရောင်းရတဲ့ အတွက် /
ငွေရင်းမယ့်လူ လိုက်ရှာပေးရတာမျိုး မဟုတ်တဲ့အတွက်
 MLM လည်း မဟုတ်ပြန်ဘူး ။
အချိန်ပေး ပြီး ကလစ် နှိပ် ရတဲ့  PTC ( Paid to click ) လိုမျိုးလည်း မဟုတ်ပြန်ပါဘူး ။

Facebook လို social network တစ်ခုပါပဲ ။
အဓိက ကွာခြားတာ တစ်ချက်ကို ပြောရမယ်ဆိုရင်
Facebook က ရသမျှ ကြော်ငြာဝင်ငွေ သူတို့ပဲ ယူပါတယ် ။
ကျွန်တော်တို့လို ကိုယ်သိထားတာ / ကိုယ့် လက်ရှိအနေအထားကို မျှဝေတဲ့လူတွေကတော့ ဘာမှ မရပါဘူး ။
( သူတို့ platform ကို အဲလို အသုံးချပြီး မျှဝေခွင့်တော့ ပေးထားပါတယ် ။
ဒါလည်း အပြည့်အဝ မဟုတ်တော့ဘူးဆိုတာ Page ထောင်ထားတဲ့ လူတွေဆို ကောင်းကောင်းသိပါလိမ့်မယ် ။ )


Tsu ရဲ့ အဓိက မောင်းနှင်တဲ့ အတွေးအခေါ်ကို ရှင်းပြပါရစေ ။

မိတ်ဆွေ ဒီစာကို ဖတ်နေတာဟာ တစ်ချိန်ချိန်က ကျွန်တော်နဲ့ ခင်မင်ခဲ့ဖူးလို့ ၊
ကျွန်တော် ရေးတဲ့ စာတစ်ချို့ ၊
ကျွန်တော် တင်တဲ့ ပုံတစ်ချို့ ကြည့်ခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် မိတ်ဆွေ ကျွန်တော့် ဆီ စာလာဖတ်ဖြစ်တာပေါ့။

ခုလို မိတ်ဆွေ ကျွန်တော့် စာဖတ်နေရင်းနဲ့ Facebook ကတင်ထားတဲ့ ကြော်ငြာကို တွေ့နေရမှာပါ ။
( အခု မိတ်ဆွေ ကျွန်တော့်စာကို ဖတ်နေရင်းနဲ့တောင်
ညာဘက်ထောင့်နားလေးမှာ Facebook က တင်ပေးထားတဲ့ကြော်ငြာတွေ မကြည့်ချင် မြင်လျှက်သား မလား ... ?  )

တကယ်တမ်း တွေးကြည့်ရင်
ကျွန်တော်ဟာ Facebook ပေါ်မှာ စာတွေရေးရင်း ၊ ပုံတွေတင်ရင်း
မိတ်ဆွေကို Facebook ကိုယ်စား အွန်လိုင်းမှာ အချိန်သုံးဖြစ်နေအောင် လုပ်ပေးထားသလို ဖြစ်နေပါတယ် ။
မိတ်ဆွေ အချိန်ပိုသုံးဖြစ်လေ Facebook က တင်ပေးထားတဲ့ ကြော်ငြာတွေကို ပိုကြည့်ဖြစ်လေ ။
( မကြည့်ဖြစ်လည်း Facebook က အတင်း ဘေးနားမှာ ပိုပြီး ပြနိုင်လေ ) ဖြစ်နေမှာပဲပေါ့ ...
Facebook ကတော့ အဲဒီ ကြော်ငြာအတွက် ပိုက်ဆံရနေတာပေါ့ ။

ဒါပေမယ့် Facebook ကိုယ်စား (မရည်ရွယ်ပါဘဲ) မိတ်ဆွေကို အချိန်သုံးဖြစ်အောင် ဆွဲဆောင်ပေးထားတဲ့
ကျွန်တော်ကတော့ မိတ်ဆွေတို့ရဲ့ ခင်မင်မှု ၊ လေးစားမှု က လွဲလို့ ဘာမှ မရပါဘူး ။
( အခုလို ရနိုင်တော့မယ်ဆိုတာ သိရလို့ စိတ်လှုပ်ရှားရပေမယ့်
မရလည်း ဘာမှ မဖြစ်ပါဘူး ။
ကျွန်တော်တို့ စာရေးတယ်ဆိုတာလည်း ဒီခင်မင်မှု ၊ လေးစားမှု ရရင်ကို ကျေနပ်နိုင်တာမျိုးပါ ။ )

ဒါပေမယ့် Tsu ကတော့မတူပါဘူး ။
Facebook က ဒီလိုအခါမျိုးမှာ ကျွန်တော်တို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ယူဆပြီး
ကျွန်တော်တို့ကို ဘာမှ မပေးပေမယ့် Tsu network ကတော့
ကျွန်တော်တို့ဟာ သူတို့ကို ကူပြီး ( ကြော်ငြာကနေ တစ်ဆင့် ) ဝင်ငွေရှာပေးနေတယ်လို့ ယူဆတဲ့အတွက်
ကျွန်တော်တို့ကို သူတို့ရတဲ့ အကျိုးအမြတ်ထဲက တစ်ချို့ ခွဲဝေပေးသင့်တယ်လို့ ယူဆပါတယ် ။

ဒါကြောင့် သူတို့ဟာ သူတို့ ရလာတဲ့ ကြော်ငြာ ဝင်ငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ သူတို့ ယူပြီး
ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို social network အတွင်း member ဝင်သူတွေကို ခွဲဝေပေးဖို့ စီစဉ်ထားကြတာလို့ ဆိုပါတယ် ။


ခွဲဝေပေးမယ့် ပုံစံက ဒီအတိုင်းပါ ။
အသုံးပြုသူ A က B ကို
B က C ကို
C က D ကို တစ်ဆင့် ပြီး တစ်ဆင့် ဖိတ်ခေါ်ထားတယ် ဆိုကြပါစို့ ...

တကယ်လို့ အသုံးပြုသူ D တင်လိုက်တဲ့ ဒေတာတွေကို ဖတ်ရှုနေရင်း
Tsu က ရတဲ့ဝင်ငွေစုစုပေါင်း ရှိတယ် $100 ဆိုပါစို့ ...

Tsu က 10% ဖြစ်တဲ့ $10 ယူပါမယ် ...
အသုံးပြုသူ D က ( သူ့ wall ကနေ ကြည့်သွားတဲ့ ကြော်ငြာဖြစ်တဲ့အတွက် )
ကျန်တဲ့ ဝင်ငွေထဲက 50% ဖြစ်တဲ့ $45 ရပါမယ် ။
အသုံးပြုသူ D ကို မိတ်ဆက်ပေးခဲ့တဲ့ C က 33.3% (1/3) of the original $90 ဖြစ်တဲ့
$29.70 ရပါမယ် ။
အသုံးပြုသူ C ကို မိတ်ဆက်ပေးခဲ့တဲ့ B က 11.1% (1/3 of 1/3 = 1/9) of the original $90 ဖြစ်တဲ့
$9.99 ရပါမယ် ။
အသုံးပြုသူ B ကို မိတ်ဆက်ပေးခဲ့တဲ့ A က
3.70% (1/3 of 1/3 of 1/3 = 1/27) of the original $90 ဖြစ်တဲ့
$3.33 ရပါမယ် ။

ဒီ နမူနာအတိုင်းဆို ရှင်းမယ်ထင်ပါတယ် ။
ဒါဟာ Tsu က officially ကြေငြာထားတဲ့အတိုင်းပါပဲ ...

--------------------------------
 လုပ်ရမှာက ရိုးရိုးလေးပါပဲ
Facebook သုံးနေကျ အတိုင်း ပဲ Tsu social network
Tsu ကို သုံးစွဲသွားရုံ ပါပဲ ။
Tsu မှာ အသင်းဝင်တွေ များလာအောင် ကူညီဖိတ်ခေါ်ပေးမယ်ဆိုရင်တော့
ဝင်ငွေလည်း ပိုရနိုင်မှာ ဖြစ်ပါတယ် ။
---------------------------------

မညှာ တမ်းပြောရရင်
ဒီ ဆိုဒ်ဟာ စပြီး တည်ထောင်တာ မကြာသေးတာမို့
ရေရာမှု တော့ ၁၀၀ ရာခိုင်နှုန်း မရှိသေးပါဘူး ။
သူတို့ဆီမှာလည်း အကောင်းအဆိုး ဝေဖန်မှု တွေ အမျိုးမျိုး
အပြိုင်အဆိုင် ထွက်ပေါ်နေလျက် ရှိဆဲပါ ။
ကျွန်တော်တို့လည်း ဖြည်းဖြည်းချင်း အသေးစိတ်စောင့်ကြည့်ရဦးမှာပါ ။

ဒါပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ ပင်မ Idea ကို သဘောကျလွန်းလို့
member ဝင်ထားပြီး စသုံးနေပါပြီ ။
( လွန်ရောကျွံရော email addreass လေး form မှာ ဖြည့်ပေးလိုက်ရတာကလွဲလို့

ဘာမှမှ ဆုံးရှုံးစရာ မရှိဘူးလေဗျာ ...  )
မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက်
အခက်အခဲ တစ်ချို့ ရှိနေသေးပေမယ့် ဘာမှ အပန်းမကြီးတာမို့လို့
၅ မိနစ်လောက်လေးအချိန်ပေးပြီး အသင်းဝင်ထားသင့်တယ်လို့
တိုက်တွန်းလိုပါတယ် ။

အော် ကျွန်တော့် ကို ဒီစာကြောင့် ကျေးဇူးတင်တယ်ဆိုရင်ဖြင့်
ကျွန်တော် ပေးထားတဲ့ link က member ဝင်နော်
https://www.tsu.co/masterlynn

https://www.tsu.co/masterlynn

No comments: